world wide

Search
 
 

Display results as :
 


Rechercher Advanced Search

Shopmotion


Navigation
 Portal
 Index
 Memberlist
 Profile
 FAQ
 Search
Affiliates
free forum
Top posters
Admin (25)
 
lark (3)
 
mr.tagaung (2)
 
Jackson (1)
 
သမီးကြီး (1)
 


You are not connected. Please login or register

ချီကန်ဂန်ညာ(Chikungunya) တုပ်ကွေးသည် ခြင်ကျား မှတစ်ဆင့် ကူးစက်သောကြောင့် ခြင်အန္တရာယ် သတိပြုရန်လို

View previous topic View next topic Go down  Message [Page 1 of 1]

Admin

avatar
Admin
ပြည်နယ်နှင့်တိုင်း အချို့ရှိ မြို့နယ်နှင့် ရပ်ကွက်အချို့ တွင် ဖြစ်ပွားလျက်ရှိသော ချီကန် ဂန်ညာ(Chikungunya)တုပ်ကွေး သည် ခြင်ကျား (Aedes)မှတစ်ဆင့် ကူးစက်ခြင်း ဖြစ်သောကြောင့် ခြင်အန္တရာယ် သတိပြုရန် လိုအပ်ကြောင်းနှင့် အဆိုပါတုပ်ကွေးရောဂါသည် ၁၉၅၂ခုနှစ်တွင် တန်ဇန်းနီးယားနိုင်ငံအတွင်း အတည်ပြုတွေ့ရှိ ခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၇၅ခုနှစ် ၀န်းကျင်ကတည်းက ဖြစ်ပွားခဲ့ဘူးသည့် တုပ်ကွေးရောဂါ တစ်မျိုးဖြစ်ကြောင်း သိရသည်။
'' ခရီးထွက်ရာက အိမ်ပြန်ရောက်ပြီး တစ်ရက်အကြာမှာ စဖျားတယ်။ အဖျားအပူချိန် အရမ်းမြင့်တယ်၊ ကိုယ်လက်တွေ၊ ခြေထောက်တွေ အရမ်းကိုက်ခဲတယ်။ မတ်တပ်ရပ်ဖို့၊ အစာထစားဖို့တောင် ခက်ခဲတယ်။ ဖြစ်ဖြစ်ချင်း မိသားစု ဆရာဝန်ပြတယ်၊ သုံး၊ လေးရက်လောက်နေတော့ အဖျားကျသွားတယ်။ ဒါပေမယ့် ကိုယ်လက်ကိုက်ခဲတာ ကျန်နေတယ်၊ ပြီးတော့ အနီစက်တွေ၊ အနီရောင်အင်ပြင်လို အနီအစက်အပြောက်တွေ ထွက်လာတယ်။ အဲဒါတွေက တစ်ပတ်လောက်နေမှ ပျောက်သွားတယ်'' ဟု ရောဂါကူး စက်ဖြစ်ပွားခဲ့သူ တစ်ဦးက ဆိုပါသည်။
'' ဒီတုပ်ကွေးရောဂါက ရောဂါလက္ခဏာ ပြင်းထန်ပေမယ့် အသက်အန္တရာယ် ထိခိုက်မှုနည်းပါး ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ်လယ်လောက်ကစပြီး အဖြစ်များလာတယ်။ တခြားတုပ်ကွေးနဲ့ မတူတဲ့ဒီရောဂါရဲ့ ထူးခြားချက်က ဒီတုပ်ကွေးဖြစ်ရင် နှာစေး၊ ချောင်းဆိုးမဖြစ်ဘူး၊ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့လက္ခဏာတွေ မဖြစ်ဘူး။ ခြင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် ခြင်ရှိတဲ့ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ဖြစ်တယ်၊ တစ်အိမ်တည်းနေ မိသားစု အချင်းချင်းလည်း ခြင်ကတစ်ဆင့် ကူးနိုင်ပါတယ်၊ ရောဂါဖြစ်ပွားပြီဆိုရင် ဆရာဝန်နဲ့ စနစ်တကျ ကုသပါ။ ဆေးကုသမှု စနစ်တကျခံယူရင် အသက်အန္တရာယ် မထိခိုက်နိုင်ပါ ဘူး''ဟု အထွေထွေ ရောဂါအထူးကု ဆရာဝန်တစ်ဦးက ရှင်းပြပါသည်။
ချီကန်ဂန်ညာတုပ်ကွေး ရောဂါသည် သွေးလွန်တုပ်ကွေး ရောဂါနှင့် ရောဂါလက္ခဏာ အများစု တူညီသည့်အပြင် ခြင်ကျားမှ တစ်ဆင့်ကူးစက်သည့် ဗိုင်းရပ်စ်ပိုးများ ကြောင့်ဖြစ်ပွားသော ရောဂါများ ဖြစ်ကြောင်း၊ အဆိုပါတုပ်ကွေး ရောဂါ၏ ထင်ရှားသည့် လက္ခဏာများမှာ ကိုယ်လက်နှင့် ခြေထောက် အလွန်အကျွံကိုက်ခဲခြင်း၊ အဆစ်အမြစ်များ ရောင်ရမ်းခြင်း (အဆိုပါ ကိုယ်လက်ကိုက်ခဲမှုနှင့် အဆစ်အမြစ် ရောင်ရမ်းမှုတို့သည် အချို့လူများတွင် တစ်ပတ်မှ တစ်လ၀န်းကျင်သာ ကြာမြင့်သော်လည်း အချို့လူများ တွင် တစ်လကျော်မှ နှစ်နှင့်ချီ၍ ကြာမြင့်နိုင်ကြောင်း၊ ပညာရှင်အချို့က ၄င်းကြာမြင့်ချိန်မှာ အသက်အရွယ်နှင့် နဂိုရှိနှင့်ပြီးသော အကြောအဆစ်နှင့်ဆိုင်သော ဝေဒနာများပေါ်တွင် မူတည်သည်ဟု ဆိုသည်)၊ အဖျားအပူချိန် ၁၀၃၊၁၀၄ ဒီဂရီ ဖာရင်ဟိုက်ကဲ့သို့ ကိုယ်ပူချိန် မြင့်ခြင်း၊ အနီစက်များ၊ အနီအင်ပြင်များ၊ အနီကွက်များ ထွက်ပေါ်ခြင်း(အများစုမှာ အဖျားကျပြီးချိန်တွင် ဖြစ်ပေါ်ခြင်းဖြစ်ပြီး ၃ရက် မှ တစ်လ၀န်းကျင်အထိ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
အဆိုပါ တုပ်ကွေးရောဂါကို ၁၈၂၄ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ စတင်တွေ့ရှိခဲ့ပြီး အာဖရိကနှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံတို့တွင် ကူးစက်ပျံ့နှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၅၂ခုနှစ်တွင် တန်ဇန်းနီးယားနိုင်ငံတွင် ဖြစ်ပွားသောရောဂါ ဖြစ်စဉ်တစ်ခုတွင် ခြင်မှတစ်ဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးနှင့် ရောဂါလက္ခဏာ နီးစပ်သော ရောဂါတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
ချီကန်ဂန်ညာတုပ်ကွေး ရောဂါသည် မြန်မာနိုင်ငံတွင် ၁၉၇၅ခုနှစ်က ဖြစ်ပွားခဲ့ဖူးသော တုပ်ကွေးရောဂါ တစ်မျိုးဖြစ်ပြီး အာရှဒေသအတွင်းတွင် ၁၉၆၀နှင့် ၁၉၈၂ခုနှစ်အတွင်း ဖြစ်ပွားမှုနှုန်း မြင့်မားခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် ၁၉၆၀ခုနှစ်၊ အိန္ဒိယနိုင်ငံတွင် ၁၉၆၄-၆၅ခုနှစ်၊ သီရိလင်္ကာနိုင်ငံတွင် ၁၉၆၉ခုနှစ်၊ ဗီယက်နမ်နိုင်ငံတွင် ၁၉၇၅ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၈၂ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ ကြပြီး အချို့နိုင်ငံများတွင် ကူးစက် ဖြစ်ပွားမှုနှုန်း မြင့်မားခဲ့ကြောင်း သိရပါသည်။
ယင်းတုပ်ကွေးရောဂါ သည် ၁၉၈၀ကျော်ကာလများနှင့် ၁၉၉၀ကျော် ကာလများ အတွင်းတွင် ၁၀စုနှစ်ချီ ပျောက်ကွယ်သွားခဲ့ပြီး ၁၉၉၉ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတွင် တစ်ကြိမ်၊ ၂၀၀၆ခုနှစ်တွင် အိန္ဒိယနိုင်ငံအတွင်းတွင် တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံအတွင်း ဖြစ်ပွားခဲ့စဉ် လူဦးရေတစ်သန်းကျော် အထိ ကူးစက်ဖြစ်ပွားခဲ့ကြောင်း အချို့ ပြည်နယ်များ အတွင်းရှိ ဒေသများတွင် လူဦးရေ၏ ၄၅ရာခိုင်နှုန်းအထိ ကူးစက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ချီကန်ဂန်ညာတုပ်ကွေးနှင့် ပတ်သက်သည့် ကြေညာချက်များ တွင် ဖော်ပြထားသည်။
ချီကန်ဂန်ညာ တုပ်ကွေး ရောဂါသည်Togaviridae အုပ်စု ၀င်ဖြစ်ပြီး Alphavirus အမျိုးအစားဝင် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနှုန်း များပြားလာသည့်အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှလည်း သုတေသနများ ပြုလုပ်နေသကဲ့သို့ ရောဂါကူးစက်မှု ဖြစ်စဉ်များကိုလည်း အာရုံစိုက် လေ့လာလျက်ရှိကြောင်း၊ ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသော ရောဂါဖြစ်ခြင်းကြောင့် ခြင်ကိုက်မခံကြရန်၊ ခြင်နှိမ်နင်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန်၊ သွေးလွန်တုပ်ကွေး နှင့် ရောဂါလက္ခဏာ တူညီမှုရှိသည် ကိုသတိပြုရန်၊ မည့်သည့်တုပ်ကွေးမဆို ဖြစ်ပွားပါက သက်ဆိုင်ရာ ကျွမ်းကျင်သည့် ဆရာဝန်ထံပြသရန် ဆေးပညာရှင် ဆရာဝန်များက အသိပေးခဲ့ပါသည်။

souce : Weekly Eleven

View user profile http://lark.4rumer.net

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum